Friday, November 20, 2009

သေဆုံးသည်ထိ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကိုသတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်ကိုရောက်နေပါလျက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာအိပ်နေပါလျက်
ဥယာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်ပါသည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ…
ချစ်သူသာဖြစ်ပါ၏

No comments: