Thursday, November 19, 2009

ဒဿလိုအချစ်မျိုးမဟုတ်ပါ။

ဒဿဂီရိဟာ
အင်မတန်အချစ်ကြီးသူပါ။
ဒါပေမယ့်၊
ပိုင်ဆိုင်လိုချင်တဲ့ အတ္တအချစ်နဲ့ ချစ်ပြီး
သီတာဒေဝီကို အလိုမတူဘဲ
အတင်းအဓမ္မလု ယူမိလေတော့
ရာမဇာတ်လမ်း သူ့အခန်းမှာ
လူကြမ်းမင်းသား ဖြစ်ခဲ့ရတယ်လေ။
ပိုင်ဆိုင်လိုချင်တဲ့ အတ္တနဲ့ ချစ်ခဲ့ကြရင်
ဒဿလိုပဲ ဖြစ်တတ်တာမို့
"အချစ်ဆိုတာ အတင်းအဓမ္မပြုမှု
လုယူလို့ရတဲ့ အရာမျိုးမှ မဟုတ်တာ။
သူ့အလိုလို ဖူးပွင့်လာတတ်တဲ့
အရိုင်းပန်းလေးပဲ မဟုတ်လား။
'ချစ်လေး' နဲ့ 'ကို့'အချစ်ဟာ ဒဿလို
အချစ်မျိုး မဟုတ်ကြဘူးလေ
နှစ်ဦးစလုံး တစ်မိုးအောက်တွင်
တစ်ယောက်ထင်လျက်
ရင်မှာစွဲနစ် သိပ်ချစ်ကြတဲ့
မဟောသဓာနဲ့ အမရာဒေဝီတို့ရဲ့
အချစ်စစ်မျိုးလိုပါကွယ်။

No comments: