Saturday, October 10, 2009

ဒါနတရားတော်















ဒါနံ သဂ္ဂဿ သောပါနံ၊
ဒါနံ ပါထေယျ မုတ္တမံ။
ဒါနံ ဥဇုဂတံ မဂ္ဂံ၊
ဒါနံ မောက္ခပဒံဝရံ။

ဒါနံ၊ ပုဗ္ဗ မုဉ္စ. အပရဟု သုံးဝစေတနာ ပြဋ္ဌန်းကာဖြင့် ကြည်သာရွှင်လန်း လှူဒါန်းရသောဒါနသည်။ သဂ္ဂဿ၊ ဣဋ္ဌအာရုံ အကောင်းဆုံသည့်ပျော်ဂုဏ်ဆန်းတည်အထက်နတ်ပြည်သို့။ သောပါနံ၊ မပူမပင် ရွှင်ရွှင်လန်းလန်း တက်လှန်းဖွယ်ကောင်းစောင်းတန်းပမာ ဖြစ်ပါပေ၏။ ဒါနံ၊ ပ၊သည်။ဥတ္တမံ၊ သုံး၍မကုန် လှူ၍မခန်း မညှိုးနွမ်းရိုး သူခိုးဓားပြ လုမရအပ်အလွန်ပင်မြတ်ပေထသော။ ပါထေယျံ၊ သံသရာလမ်း ခရီးကြမ်းဝယ်မပန်းလွယ်ကာ စားသောက်ဖွယ်ရာ ရိက္ခာထုတ်လည်းဖြစ်ပါပေ၏၊၊ ဒါနံ၊ ပ၊ သည်၊၊ ဥဇုဂတ၊ံ မဂ်ဖိုလ်ရောက်လွယ်မကွယ်မထောင့် တဖြောင့်တည်းသာ ဖြစ်သော။ မဂ္ဂံ၊ ဘုရားအလောင်းသူတော်ကောင်းတို့ သွားကြောင်းမှန်ရာလမ်းသာရာကြီးလည်းမည်ပါပေ၏။ ဒါနံ၊ ပ၊သည်။ ဝရံ၊ ယှဉ်လာလျှင်မနိုင်ရှိုးရသဖြင့်တခရိုင်လုံးတွင်သူသာလျှင် မြတ်ပေထသော၊၊ မောက္ခပဒံ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း ဧကန် အမြတ်ဆုံးမှန်လှပါပေ၏။

စကားပြောရန်။ ။ ဒါနဆိုတဲ့အဓိပ္ပယ်က ပေးကန်းခြင်းလှူဒါန်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီဒါနဟာ လောကုတ်လောကီ နှစ်လီ အကျိုးတရားတို့ကိုတိုးပွားပြီးစီးနိုင်တဲ့ ဣစ္ဆာသယ ပတ္တမြားမျက်ရှင်ကြီးနဲ့တူပါတယ်။ လောကီအကျိုးတွေကိုတင်မကပဲ လောကုတ္တရာမှာလည်းပဲ ဘုရားအဖြစ်ဆိုတာအမြတ်ဆုံးဖြစ်ပါတယ်။ အဲဒီ ဘုရားအဖြစ်ကိုတောင်မှ ဒါနနဲ့လုတ်ယူလို့ရပါတယ်။ ဒါကြောင့် ဘုရားအလောင်း များနှင့်တကွ ထိုထိုဆုတောင်းအမျိုးမျိုးပြည့်ချင်တဲ့ ပုဂ္ဂိုလ်အလောင်းတော်မြတ်တွေစာ ဒါနပါရမီကို ဖြည့်ကျင့်ဆီးပူးကြရတယ်။ ဒါနမပါရင် လောကီလည်းမပြီးဘူး လောကုတ္တရာလည်းမပြီးဘူး ခုတင်ကရွတ်လိုက်တဲ့ ဂါထာရဲ့ အဓိပ္ပါယ်ကရှင်းပါတယ်။ ဒါကြောင့် အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်ထဲက သုမနသုတ်တော်ကို ထုတ်ဖော်၍ပြပါမယ်။
သုမနသုတ္တန် ကိုဆက်လက်၍ပြပါဦးမည်။