Sunday, November 7, 2010

ရဲနှင့်ဥပဒေ အမေးများ

ရဲဆိုတာ စည်းကမ်းဥပဒေချိုးဖောက်တဲ့သူတွေကို ဖမ်းဆီးတာ ရဲလို့ခေါ်တယ်လို့နားလည်ထားပါတယ်။
၁။ စီးကမ်းဥပဒေတွေကို ချိုးဖောက်ခွင့် ဘယ်သူတွေရလဲ?
၂။ ဘယ်သူကချိုးဖောက်ခွင့်ပေးနိုင်လ?ဲ
၃။ ငွေပေးရင် ချိုးဖောက်ခွင့်ရှိလား? ၄။ အာဏာရှိရင် ချိုးဖောက်ခွင့်ရှိလား?
၅။ စည်းကမ်းဥပဒေဆိုတာ ဘယ်သူ့အတွက်လဲ? ၆။ ဥပဒေတိုင်းရော လိုက်နာဖို့လိုလား? ၇။ ရဲဆိုတာ စည်းကမ်းချိုးဖောက်ခွင့်ရှိလား ချိုးဖောက်ခွင့်ပေးနိုင်လား? ၈။ ချဲသမားတွေဆီက ငွေယူပြီး ချဲရောင်းခွင့်ပြုလို့ရလား?
၉။ ဥပဒေနှင့်ငြိရင် ဘယ်သူ့မဆို အပြစ်ပေးလို့ရလား?
၁၀။ ရဟန်းသံဃာတွေရော လူ့စည်းကမ်းနဲ့ပဲ ချုတ်ကိုင်ရမှာလား? ၁၁။ ဥပဒေမှာ ရဟန်းသံဃာမရှိ အာဏာရှင်ပဲရှိတာလား?
၁၂။ အပြစ်ရှိမရှိမသေခြာပဲ ဖမ်းဆီးနှိပ်စက်သင့်သလား?

မသိလို့ပါနော် ဒါလေးကို ဖြေပေးနိုင်မလား? ဖြေပေးနိုင်ရင် ဖြေပေးကြပါနော်။
အရာရာတိုင်းမှာတော့ ခြွင်းချက်လေးတော့ရှိမယ်လို့ထင်ပါတယ်။

လူသားစားသော လူ့ဘီလူးများနှင့် ကင်းဝေးကြပါစေ။

Thursday, March 11, 2010

ဓားပြအတိုက်ခံရခြင်း

မလေးရှားနိုင်ငံတွင် တရားဝင်အလုတ်လုတ်နေသော မြန်မာအလုတ်သမားများ ပတ်စပို့စ်စာအုတ်များအလုခံရ၍

ပတ်စပို့စ်မရှိသဖြင့် ရဲများအဖမ်းခံရ၍ ဆင်းရဲဒုက္ခရောက်ကြရသည်။ ထိုသို့ဒုက္ခရောက်ကြရာတွင်

တချို့သောသူများမှာ ထိုင်းနိုင်ငံမှတဆင့်မြန်မာပြည်သို့ ခိုးပြန်ကြရသည် ထိုသို့ခိုးပြန်ကြရာတွင်လည်း

မလေးရဲနှင့်တွေ့လျှင် မလေးကဖမ်းပြီး ထိုင်းရဲနှင့်တွေ့လျှင်ထိုင်းရဲကဖမ်းပါတယ်။

ထိုအထဲတွင် ဖေဖော်ဝါရီ လကုန်ပိုင်းက မလေးမှ ထိုင်းသို့ဝင်လာကြသော

ယောက်ျားလေး ၅ ယောက် မလေးနယ်စပ်မှာ အဖမ်းခံရပါတယ်။

ထိုင်းဘက်မှကံကောင်းပြီးလွတ်လာသော်လည်း မြဝတီ နဲ့ ဘားအံကြား

တောင်ပေါ်မှာ ဓားပြအတိုက်ခံရပါတယ်။ ကိုယ့်သူငယ်ချင်းကို ရိုက်ပြီး

ဆွဲကြိုးကိုယူသွားတယ်လို့ပြောပါတယ်။ ဓားပြတိုက်တဲ့သူတွေက

စစ်ယူနီဖောင်းတွေနဲ့ ၅ ယောက်လို့ပြောပါတယ်။ ဓားပြတိုက်တဲ့သူတွေဟာ

မြဝတီနဲ့ ဘားအံကြားတောင်ပေါ်မှာရှိနေကြတဲ့ စစ်တတ်နဲ့ နယ်ခြားစောင့်တတ်

တခုခုဖြစ်နိုင်တယ်လို့ပြောပါတယ်။ သေနပ်နဲ့ချိန်သွားတဲ့သူရဲ့ပြောတဲ့စကားက

ဗမာစကားပီပီပြောတတ်တယ်လို့လည်းပြောပါတယ်။

Thursday, February 4, 2010

ဗုဒ္ဓ္ဓဘာသာပါဆိုတဲ့ အောင်မင်္ဂလာအဝေးပြေးမှ taxi သမားများအားသတိ

အောင်မင်္ဂလာအဝေးမှ အချို့သော taxi သမားများဟာ တောကတက်လာတဲ့သူ ယောင်လည်လည်တွေကို သူတို့ကားကို အတင်းခေါ်ပြီး ကားခမတရားတောင်းတတ်ပါတယ်။ (26.1.2010) နေ့ မကွေးတိုင်း ရွာတရွာမှတက်လာသော ရန်ကုန်သို့တခါမှမရောက်ဖူးသော မိန်းခလေး ၂ ဦးနှင့်ယောက်ျားလေး ၁ ဦး ပခုက္ကူမှအလာ ကားငှားရာ ကားငှားခပွဲစားခဆိုပြီး ၃၀၀၀ ကျပ်တောင်းပါတယ်။ ရန်ကုန်မှာ နေလာတာကြာပါပြီ တခါမှ taxi ငှားဖို့ ပွဲစားဆိုတာ တခါမှ မကြားဖူးပါဘူး။ အဲဒီ taxi သမားကပြောပါသေးတယ် သူကဗုဒ္ဓဘာသာမြန်မာလူမျိုးပါတဲ့။ အဲဒီ taxi သမားဟာ အသက်က ၅၀ ပတ်ဝန်းကျင်လောက်ရှိနေပါပြီ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ကူညီရိုင်းပင်းတတ်တယ်ဆိုတာ ယုံကြည်ဖို့ခက်နေပါတယ်။ တကယ်မှန်မှန်ကန်ကန်လုတ်စားတဲ့သူဟာ ဒီစကားတွေထဲ့ပြောစရာမလိုပါဘူး။ အထူးသဖြင့် ဘုန်းကြီးတွေဆီကတောင်းတော့မယ်ဆို တပည့်တော်က ဗုဒ္ဓဘာသာပါ မလိမ်ပါဘူးဆိုတဲ့စကားနဲ့ လုတ်စားတတ်ပါတယ်။
လုတ်စားတတ်သော taxi သမားများအား ရည်ရွယ်သည်။ taxi သမားတိုင်းကိုမဆို