Thursday, August 18, 2011

ဝမ်းသာရမလို့လား ဝမ်းနည်းရမလိုလား

မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှူတွေလုပ်နေတယ် ရေကာတာတွေ ဆည်မြောင်းတွေဆောက်နေတယ်လို့ကြားပါတယ်။ ပြည်သူတွေအတွက် နိုင်ငံတော်အတွက်ကောင်းမယ်လို့ ထင်ပါတယ် ဒီသတင်းတွေကြားရလို့ ဝမ်းလည်းသာပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာတခုကတော့ ထိုရေကာတာတွေ ဆည်မြောင်းတွေဆောက်တဲ့ နေရာအနီးတဝိုက်မှာရှိတဲ့နေရာတွေက အိမ်တွေ ရွာတွေကို ငွေလေး ငါးသောင်းပေးပြီး အရွှေ့ခိုင်းနေတယ် နောက်ပြီး လူတွေကိုလည်း လုပ်အားခမပေးပဲ အတင်းအဓမ္မ အလုပ်ခိုင်းနေတယ်လို့ သီတင်းများမှာ တွေ့ရပါတယ်။ IT ခေတ်ကြီးထဲမှာ နိုင်ငံတကာမှာ စက်ပစ္စည်းတွေနဲ့ လမ်းတွေ တဒါးတွေ ဆည်တွေ မြောင်းတွေ တိုက်တာတွေကို တောရော မြို့ပါ တပြေးညီတည်း တည်ဆောက်နေတဲ့အချိန်မှာ မြန်မာပြည်က ဒီမိုကရေစီဖော်ဆောင်ပါတယ်ဆိုတဲ့နိုင်ငံမှာ လူတွေကို နွားတွေလို ခိုင်းနေပါတယ်။ နွားတွေကို ခိုင်းရင် အစာကြွေးရပါတယ်။ ခုတော့ မြန်မာပြည်က ပြည်သူတွေကို ငွေလည်းမပေး အစာလည်း မကြွေးပဲ ခိုင်းနေတာဟာ နွားထက်တောင်ပိုဆိုးမယ်လို့ထင်ပါတယ်။
ွ ဒီလုပ်ရပ်တွေဟာ တော်တော်လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ ဒီလို ရေကာတာတွေတည်ဆောက်တာတွေဟာ ပြည်သူတွေအတွက် ဆောက်တာမဟုတ်ဘူးလား။ ပြည်သူတွေကို နှိပ်စက်ဖို့လား ကိုယ်ကြိုးအတွက်လား ဘာအတွက်လဲ နားမလည်ဘူး ဖြစ်နေပါတယ်။ တကယ်ဆို ဒီနယ်မြေတွေမှာ ပြည်သူတွေအတွက် တည်ဆောက်တယ်ဆို ဒီနယ်မြေကလူတွေပဲ အရင်ခံစားသင့်ပါတယ် ခုတော့ ကိုယ့်နယ်မြေမှာ တည်ဆောက်တာ ဝမ်းမသာနိုင်တဲ့အပြင် ဒုက္ခရောက်ကြရတယ်။ ဒါကြောင့် မင်းဆိုး မင်းညစ်ဆိုတဲ့ သတ္တဝါတွေကို ရန်သူမျိုး ငါးပါးမှာ ထည့်ဟောထားတာဖြစ်မယ်။ ဒီလိုမင်းမျိုးတွေ ပေါ်တဲ့လက်ထက်မှာ ဒီလိုနိုင်ငံမှာလူမဖြစ်ရပါစေနဲ့လို့ ဆုတောင်းချင်ပါတယ်။