Thursday, March 11, 2010

ဓားပြအတိုက်ခံရခြင်း

မလေးရှားနိုင်ငံတွင် တရားဝင်အလုတ်လုတ်နေသော မြန်မာအလုတ်သမားများ ပတ်စပို့စ်စာအုတ်များအလုခံရ၍

ပတ်စပို့စ်မရှိသဖြင့် ရဲများအဖမ်းခံရ၍ ဆင်းရဲဒုက္ခရောက်ကြရသည်။ ထိုသို့ဒုက္ခရောက်ကြရာတွင်

တချို့သောသူများမှာ ထိုင်းနိုင်ငံမှတဆင့်မြန်မာပြည်သို့ ခိုးပြန်ကြရသည် ထိုသို့ခိုးပြန်ကြရာတွင်လည်း

မလေးရဲနှင့်တွေ့လျှင် မလေးကဖမ်းပြီး ထိုင်းရဲနှင့်တွေ့လျှင်ထိုင်းရဲကဖမ်းပါတယ်။

ထိုအထဲတွင် ဖေဖော်ဝါရီ လကုန်ပိုင်းက မလေးမှ ထိုင်းသို့ဝင်လာကြသော

ယောက်ျားလေး ၅ ယောက် မလေးနယ်စပ်မှာ အဖမ်းခံရပါတယ်။

ထိုင်းဘက်မှကံကောင်းပြီးလွတ်လာသော်လည်း မြဝတီ နဲ့ ဘားအံကြား

တောင်ပေါ်မှာ ဓားပြအတိုက်ခံရပါတယ်။ ကိုယ့်သူငယ်ချင်းကို ရိုက်ပြီး

ဆွဲကြိုးကိုယူသွားတယ်လို့ပြောပါတယ်။ ဓားပြတိုက်တဲ့သူတွေက

စစ်ယူနီဖောင်းတွေနဲ့ ၅ ယောက်လို့ပြောပါတယ်။ ဓားပြတိုက်တဲ့သူတွေဟာ

မြဝတီနဲ့ ဘားအံကြားတောင်ပေါ်မှာရှိနေကြတဲ့ စစ်တတ်နဲ့ နယ်ခြားစောင့်တတ်

တခုခုဖြစ်နိုင်တယ်လို့ပြောပါတယ်။ သေနပ်နဲ့ချိန်သွားတဲ့သူရဲ့ပြောတဲ့စကားက

ဗမာစကားပီပီပြောတတ်တယ်လို့လည်းပြောပါတယ်။