Sunday, November 7, 2010

ရဲနှင့်ဥပဒေ အမေးများ

ရဲဆိုတာ စည်းကမ်းဥပဒေချိုးဖောက်တဲ့သူတွေကို ဖမ်းဆီးတာ ရဲလို့ခေါ်တယ်လို့နားလည်ထားပါတယ်။
၁။ စီးကမ်းဥပဒေတွေကို ချိုးဖောက်ခွင့် ဘယ်သူတွေရလဲ?
၂။ ဘယ်သူကချိုးဖောက်ခွင့်ပေးနိုင်လ?ဲ
၃။ ငွေပေးရင် ချိုးဖောက်ခွင့်ရှိလား? ၄။ အာဏာရှိရင် ချိုးဖောက်ခွင့်ရှိလား?
၅။ စည်းကမ်းဥပဒေဆိုတာ ဘယ်သူ့အတွက်လဲ? ၆။ ဥပဒေတိုင်းရော လိုက်နာဖို့လိုလား? ၇။ ရဲဆိုတာ စည်းကမ်းချိုးဖောက်ခွင့်ရှိလား ချိုးဖောက်ခွင့်ပေးနိုင်လား? ၈။ ချဲသမားတွေဆီက ငွေယူပြီး ချဲရောင်းခွင့်ပြုလို့ရလား?
၉။ ဥပဒေနှင့်ငြိရင် ဘယ်သူ့မဆို အပြစ်ပေးလို့ရလား?
၁၀။ ရဟန်းသံဃာတွေရော လူ့စည်းကမ်းနဲ့ပဲ ချုတ်ကိုင်ရမှာလား? ၁၁။ ဥပဒေမှာ ရဟန်းသံဃာမရှိ အာဏာရှင်ပဲရှိတာလား?
၁၂။ အပြစ်ရှိမရှိမသေခြာပဲ ဖမ်းဆီးနှိပ်စက်သင့်သလား?

မသိလို့ပါနော် ဒါလေးကို ဖြေပေးနိုင်မလား? ဖြေပေးနိုင်ရင် ဖြေပေးကြပါနော်။
အရာရာတိုင်းမှာတော့ ခြွင်းချက်လေးတော့ရှိမယ်လို့ထင်ပါတယ်။

လူသားစားသော လူ့ဘီလူးများနှင့် ကင်းဝေးကြပါစေ။