Thursday, February 4, 2010

ဗုဒ္ဓ္ဓဘာသာပါဆိုတဲ့ အောင်မင်္ဂလာအဝေးပြေးမှ taxi သမားများအားသတိ

အောင်မင်္ဂလာအဝေးမှ အချို့သော taxi သမားများဟာ တောကတက်လာတဲ့သူ ယောင်လည်လည်တွေကို သူတို့ကားကို အတင်းခေါ်ပြီး ကားခမတရားတောင်းတတ်ပါတယ်။ (26.1.2010) နေ့ မကွေးတိုင်း ရွာတရွာမှတက်လာသော ရန်ကုန်သို့တခါမှမရောက်ဖူးသော မိန်းခလေး ၂ ဦးနှင့်ယောက်ျားလေး ၁ ဦး ပခုက္ကူမှအလာ ကားငှားရာ ကားငှားခပွဲစားခဆိုပြီး ၃၀၀၀ ကျပ်တောင်းပါတယ်။ ရန်ကုန်မှာ နေလာတာကြာပါပြီ တခါမှ taxi ငှားဖို့ ပွဲစားဆိုတာ တခါမှ မကြားဖူးပါဘူး။ အဲဒီ taxi သမားကပြောပါသေးတယ် သူကဗုဒ္ဓဘာသာမြန်မာလူမျိုးပါတဲ့။ အဲဒီ taxi သမားဟာ အသက်က ၅၀ ပတ်ဝန်းကျင်လောက်ရှိနေပါပြီ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ကူညီရိုင်းပင်းတတ်တယ်ဆိုတာ ယုံကြည်ဖို့ခက်နေပါတယ်။ တကယ်မှန်မှန်ကန်ကန်လုတ်စားတဲ့သူဟာ ဒီစကားတွေထဲ့ပြောစရာမလိုပါဘူး။ အထူးသဖြင့် ဘုန်းကြီးတွေဆီကတောင်းတော့မယ်ဆို တပည့်တော်က ဗုဒ္ဓဘာသာပါ မလိမ်ပါဘူးဆိုတဲ့စကားနဲ့ လုတ်စားတတ်ပါတယ်။
လုတ်စားတတ်သော taxi သမားများအား ရည်ရွယ်သည်။ taxi သမားတိုင်းကိုမဆို