Thursday, February 4, 2010

ဗုဒ္ဓ္ဓဘာသာပါဆိုတဲ့ အောင်မင်္ဂလာအဝေးပြေးမှ taxi သမားများအားသတိ

အောင်မင်္ဂလာအဝေးမှ အချို့သော taxi သမားများဟာ တောကတက်လာတဲ့သူ ယောင်လည်လည်တွေကို သူတို့ကားကို အတင်းခေါ်ပြီး ကားခမတရားတောင်းတတ်ပါတယ်။ (26.1.2010) နေ့ မကွေးတိုင်း ရွာတရွာမှတက်လာသော ရန်ကုန်သို့တခါမှမရောက်ဖူးသော မိန်းခလေး ၂ ဦးနှင့်ယောက်ျားလေး ၁ ဦး ပခုက္ကူမှအလာ ကားငှားရာ ကားငှားခပွဲစားခဆိုပြီး ၃၀၀၀ ကျပ်တောင်းပါတယ်။ ရန်ကုန်မှာ နေလာတာကြာပါပြီ တခါမှ taxi ငှားဖို့ ပွဲစားဆိုတာ တခါမှ မကြားဖူးပါဘူး။ အဲဒီ taxi သမားကပြောပါသေးတယ် သူကဗုဒ္ဓဘာသာမြန်မာလူမျိုးပါတဲ့။ အဲဒီ taxi သမားဟာ အသက်က ၅၀ ပတ်ဝန်းကျင်လောက်ရှိနေပါပြီ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ကူညီရိုင်းပင်းတတ်တယ်ဆိုတာ ယုံကြည်ဖို့ခက်နေပါတယ်။ တကယ်မှန်မှန်ကန်ကန်လုတ်စားတဲ့သူဟာ ဒီစကားတွေထဲ့ပြောစရာမလိုပါဘူး။ အထူးသဖြင့် ဘုန်းကြီးတွေဆီကတောင်းတော့မယ်ဆို တပည့်တော်က ဗုဒ္ဓဘာသာပါ မလိမ်ပါဘူးဆိုတဲ့စကားနဲ့ လုတ်စားတတ်ပါတယ်။
လုတ်စားတတ်သော taxi သမားများအား ရည်ရွယ်သည်။ taxi သမားတိုင်းကိုမဆို

1 comment:

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ကျနော်တို့ရဲ့ လူကြီးတွေက ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆရာလုပ်တာတွေနဲ့ပဲ အချိန်ဖြုံးနေပါတယ်။ လက်တွေ့မှာ ဘာမှလဲဖြစ်မလာပါဘူး။ ကျနော်တို့မြန်မာ့လူ့ဘောင်ကြီးဟာ အကျင့်စာရိတ္တပိုင်းမှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ပျက်စီးယိုယွင်းနေပါတယ်။ မိသားစုတွေအတွင်းမှာတောင် အမြီးကျက် အမြီးစားတွေ ရှိနေပါပြီ။ ဘယ်စံနစ်ပဲကျင့်သုံးသုံး.. ဘယ်သူပဲ အုပ်ချုပ်ပါစေ လူတွေမှာ ကိုယ့်ကျင့်တရားတွေမရှိဘူးဆိုရင် အမိမြန်မာပြည်ကြီးဟာ အခုလိုပဲဖြစ်နေမှာပါ။ နောက်နောင်လဲ လူတွေရဲ့ အကျင့်စာရိတ္တကို တိုးတက်စေမယ့် ဆောင်းပါးတွေ ထပ်ရေးပါလို့ တောင်းဆိုပါတယ်။

အစဉ်လေးစားလျှက်
ဇော်မျိုး