Friday, July 17, 2009

ဆူးခင်းသောလမ်း


ဆူးခင်းသောလမ်း
တို့ရွှေမြန်မာနိုင်ငံက လမ်းတွေကို တင်စားပြီး ခေါ်ဝေါ်လိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ တို့ရွှေမြန်မာနိုင်ငံက လမ်းတွေကိုသွားရတာ ဆူးခင်းတဲ့လမ်းကိုသွားရတာနဲ့အတူတူပါပဲ။ ကျွန်တော့်အတွက်ကတော့ရိုးနေပါပြီ ငယ်ငယ်ကတည်းက ဆူးခင်းတဲ့လမ်းကို လျှောက်လှမ်းပြီး ကျောက်ကား သစ်ကားတွေကို စီးလာခဲ့ရသူမို့ပါ။
အဲဒါဆို ကျွန်တော် တောသားဆိုတာ စာဖတ်သူများ သိလောက်ပြါ့ပီ။ အခုတော့အင်တာနက်လေး ဘာလေး နဲနဲတော့ သိလာပြီပေါ့။ ဒီလောက်သိဖို့ဆိုတာလဲ တို့ရွှေမြန်မာ တောသားတွေအဖို့ မလွယ်တဲ့ကိစ္စပါ။
အခု ကျွန်တော်ပြောချင်တာက တို့ရွှေမြန်မာနိုင်ငံက ဆူးခင်းသောလမ်းများအကြောင်း ဖြစ်ပါတယ်။ ကျွန်တော်ရောက်ဖူးသမျှလမ်းတွေထဲမှာတော့ မကွေးတိုင်းထဲက
ပခုက္ကူ - ဂန့်ဂေါ
- ထီးလင်း
- ကျောက်ထု
ဂန့်ဂေါ - ထီးလင်း
- ကျောက်ထု
ထီးလင်း - ပခုက္ကူ
- မန္တလေး.... လမ်းများဟာ အတော်လေးကိုစုတ်ခြာပါတယ်။

သူများနိုင်ငံတွေမှာ မြေပေါ်မြေအောက် ကားလမ်း ရထားလမ်းတွေဟာ တို့ရွှေမြန်မာနိုင်ငံက လမ်းတွေနဲ့ ရှင်လိုက်ရင် မိုးနဲ့မြေလိုပါပဲ ဒါတွေကို သက်ဆိုင်တဲ့သူတွေသိလျှက်နဲ့ ဘာဖြစ်လို့များ မသိချင်ရောင်ဆောင်နေကြတာလဲ? ...........ရှေ့ဆက်ရေးပါအုံးမည်...
မကြာမှီ.....

No comments: