Showing posts with label သီတင်း. Show all posts
Showing posts with label သီတင်း. Show all posts

Thursday, March 11, 2010

ဓားပြအတိုက်ခံရခြင်း

မလေးရှားနိုင်ငံတွင် တရားဝင်အလုတ်လုတ်နေသော မြန်မာအလုတ်သမားများ ပတ်စပို့စ်စာအုတ်များအလုခံရ၍

ပတ်စပို့စ်မရှိသဖြင့် ရဲများအဖမ်းခံရ၍ ဆင်းရဲဒုက္ခရောက်ကြရသည်။ ထိုသို့ဒုက္ခရောက်ကြရာတွင်

တချို့သောသူများမှာ ထိုင်းနိုင်ငံမှတဆင့်မြန်မာပြည်သို့ ခိုးပြန်ကြရသည် ထိုသို့ခိုးပြန်ကြရာတွင်လည်း

မလေးရဲနှင့်တွေ့လျှင် မလေးကဖမ်းပြီး ထိုင်းရဲနှင့်တွေ့လျှင်ထိုင်းရဲကဖမ်းပါတယ်။

ထိုအထဲတွင် ဖေဖော်ဝါရီ လကုန်ပိုင်းက မလေးမှ ထိုင်းသို့ဝင်လာကြသော

ယောက်ျားလေး ၅ ယောက် မလေးနယ်စပ်မှာ အဖမ်းခံရပါတယ်။

ထိုင်းဘက်မှကံကောင်းပြီးလွတ်လာသော်လည်း မြဝတီ နဲ့ ဘားအံကြား

တောင်ပေါ်မှာ ဓားပြအတိုက်ခံရပါတယ်။ ကိုယ့်သူငယ်ချင်းကို ရိုက်ပြီး

ဆွဲကြိုးကိုယူသွားတယ်လို့ပြောပါတယ်။ ဓားပြတိုက်တဲ့သူတွေက

စစ်ယူနီဖောင်းတွေနဲ့ ၅ ယောက်လို့ပြောပါတယ်။ ဓားပြတိုက်တဲ့သူတွေဟာ

မြဝတီနဲ့ ဘားအံကြားတောင်ပေါ်မှာရှိနေကြတဲ့ စစ်တတ်နဲ့ နယ်ခြားစောင့်တတ်

တခုခုဖြစ်နိုင်တယ်လို့ပြောပါတယ်။ သေနပ်နဲ့ချိန်သွားတဲ့သူရဲ့ပြောတဲ့စကားက

ဗမာစကားပီပီပြောတတ်တယ်လို့လည်းပြောပါတယ်။