မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှူတွေလုပ်နေတယ် ရေကာတာတွေ ဆည်မြောင်းတွေဆောက်နေတယ်လို့ကြားပါတယ်။ ပြည်သူတွေအတွက် နိုင်ငံတော်အတွက်ကောင်းမယ်လို့ ထင်ပါတယ် ဒီသတင်းတွေကြားရလို့ ဝမ်းလည်းသာပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာတခုကတော့ ထိုရေကာတာတွေ ဆည်မြောင်းတွေဆောက်တဲ့ နေရာအနီးတဝိုက်မှာရှိတဲ့နေရာတွေက အိမ်တွေ ရွာတွေကို ငွေလေး ငါးသောင်းပေးပြီး အရွှေ့ခိုင်းနေတယ် နောက်ပြီး လူတွေကိုလည်း လုပ်အားခမပေးပဲ အတင်းအဓမ္မ အလုပ်ခိုင်းနေတယ်လို့ သီတင်းများမှာ တွေ့ရပါတယ်။ IT ခေတ်ကြီးထဲမှာ နိုင်ငံတကာမှာ စက်ပစ္စည်းတွေနဲ့ လမ်းတွေ တဒါးတွေ ဆည်တွေ မြောင်းတွေ တိုက်တာတွေကို တောရော မြို့ပါ တပြေးညီတည်း တည်ဆောက်နေတဲ့အချိန်မှာ မြန်မာပြည်က ဒီမိုကရေစီဖော်ဆောင်ပါတယ်ဆိုတဲ့နိုင်ငံမှာ လူတွေကို နွားတွေလို ခိုင်းနေပါတယ်။ နွားတွေကို ခိုင်းရင် အစာကြွေးရပါတယ်။ ခုတော့ မြန်မာပြည်က ပြည်သူတွေကို ငွေလည်းမပေး အစာလည်း မကြွေးပဲ ခိုင်းနေတာဟာ နွားထက်တောင်ပိုဆိုးမယ်လို့ထင်ပါတယ်။
ွ ဒီလုပ်ရပ်တွေဟာ တော်တော်လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ ဒီလို ရေကာတာတွေတည်ဆောက်တာတွေဟာ ပြည်သူတွေအတွက် ဆောက်တာမဟုတ်ဘူးလား။ ပြည်သူတွေကို နှိပ်စက်ဖို့လား ကိုယ်ကြိုးအတွက်လား ဘာအတွက်လဲ နားမလည်ဘူး ဖြစ်နေပါတယ်။ တကယ်ဆို ဒီနယ်မြေတွေမှာ ပြည်သူတွေအတွက် တည်ဆောက်တယ်ဆို ဒီနယ်မြေကလူတွေပဲ အရင်ခံစားသင့်ပါတယ် ခုတော့ ကိုယ့်နယ်မြေမှာ တည်ဆောက်တာ ဝမ်းမသာနိုင်တဲ့အပြင် ဒုက္ခရောက်ကြရတယ်။ ဒါကြောင့် မင်းဆိုး မင်းညစ်ဆိုတဲ့ သတ္တဝါတွေကို ရန်သူမျိုး ငါးပါးမှာ ထည့်ဟောထားတာဖြစ်မယ်။ ဒီလိုမင်းမျိုးတွေ ပေါ်တဲ့လက်ထက်မှာ ဒီလိုနိုင်ငံမှာလူမဖြစ်ရပါစေနဲ့လို့ ဆုတောင်းချင်ပါတယ်။
ွ
ွ
Thursday, August 18, 2011
Thursday, January 13, 2011
ရွှေမြန်မာအလုတ်သမားများ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတခုတွင်( 11,1,2011) နေ့တွင် ၅၃ ယောက်အဖမ်းဆီးခံရ။ တခြားစက်ရုံများမှလည်း နေ့တိုင်းဖမ်းခေါ်လာတယ်လို့ အချုပ်ခမ်းထဲမှ သူများကလည်းပြောပါတယ်။ ဒီနေ့ (13,1,2011) ရက်နေ့မှာတော့ ထိုအယောက် ၅၀ ကျော်တို့အား ၁၂ ရက် ထောင်ကျခံရမယ်လို့ တရားရုံးမှ အမိန့်ချမှတ်လိုက်ပါတယ်။
နအဖနှင့် DKBA တတ်များ ဖလူးဒေသ တွင်တိုက်ခိုက်ရာ ထိုင်းဘက်သို့ ကျရောက်တယ်လို့ဆိုပါတယ်။ ထိုင်းရဲများလည်း ဘန်ကောက်မှ ဆင်းပြီး မဲဆောက်မှ စက်ရုံများအတွင်းထိ ရွှေမြန်မာအလုတ်သမားများအား ဖမ်းဆီး ထောင်ချနေပါတယ်။

Sunday, November 7, 2010
ရဲနှင့်ဥပဒေ အမေးများ
ရဲဆိုတာ စည်းကမ်းဥပဒေချိုးဖောက်တဲ့သူတွေကို ဖမ်းဆီးတာ ရဲလို့ခေါ်တယ်လို့နားလည်ထားပါတယ်။
၁။ စီးကမ်းဥပဒေတွေကို ချိုးဖောက်ခွင့် ဘယ်သူတွေရလဲ?
၂။ ဘယ်သူကချိုးဖောက်ခွင့်ပေးနိုင်လ?ဲ
၃။ ငွေပေးရင် ချိုးဖောက်ခွင့်ရှိလား? ၄။ အာဏာရှိရင် ချိုးဖောက်ခွင့်ရှိလား?
၅။ စည်းကမ်းဥပဒေဆိုတာ ဘယ်သူ့အတွက်လဲ? ၆။ ဥပဒေတိုင်းရော လိုက်နာဖို့လိုလား? ၇။ ရဲဆိုတာ စည်းကမ်းချိုးဖောက်ခွင့်ရှိလား ချိုးဖောက်ခွင့်ပေးနိုင်လား? ၈။ ချဲသမားတွေဆီက ငွေယူပြီး ချဲရောင်းခွင့်ပြုလို့ရလား?
၉။ ဥပဒေနှင့်ငြိရင် ဘယ်သူ့မဆို အပြစ်ပေးလို့ရလား?
၁၀။ ရဟန်းသံဃာတွေရော လူ့စည်းကမ်းနဲ့ပဲ ချုတ်ကိုင်ရမှာလား? ၁၁။ ဥပဒေမှာ ရဟန်းသံဃာမရှိ အာဏာရှင်ပဲရှိတာလား?
၁၂။ အပြစ်ရှိမရှိမသေခြာပဲ ဖမ်းဆီးနှိပ်စက်သင့်သလား?
မသိလို့ပါနော် ဒါလေးကို ဖြေပေးနိုင်မလား? ဖြေပေးနိုင်ရင် ဖြေပေးကြပါနော်။
အရာရာတိုင်းမှာတော့ ခြွင်းချက်လေးတော့ရှိမယ်လို့ထင်ပါတယ်။
လူသားစားသော လူ့ဘီလူးများနှင့် ကင်းဝေးကြပါစေ။

Saturday, April 3, 2010
Thursday, April 1, 2010
Subscribe to:
Posts (Atom)