Saturday, November 21, 2009

အိတ်မက်တစ်ခု (ကဗျာ)

ချစ်သူ.....
အစကတော့ ပန်းကလေးဖြစ်ရင်တောင်မှ
အရွက်ကလေးဘဝနဲ့ နီးစပ်ချင်ခဲ့တာပါ
ဒါပေမယ့်...
ပန်းကလေးမှာ သူ့ အဖော်လိပ်ပြာလေးနဲ့
ပျော်လို့ ရွှင်လို့ တဲ့.....

ချစ်သူ.....
ကြည်ဖြူစွာတွယ်မိတဲ့ သံယောဇဉ်ကို
တမင်တကာ မဟုတ်တဲ့
ဟန်ဆောင်ခြင်းကင်းကင်းနဲ့
ပေးခဲ့ပြီပဲ ကျေနပ်ပါနော်.....

ချစ်သူ.....
ဝေးနေမှ ပျော်ရမယ့်အဖြစ်
ကြည့်မှမြင်တဲ့အသိနဲ့
ဆုံတွေ့ခဲ့ဖူးတဲ့ ဟိုးတစ်ချိန်ဆိုတာ
ကုန်လွန်ခဲ့ပြီမို့ နှုတ်မဆက်ဘဲ
ထွက်ခွာသွားခဲ့ရင်လည်း
အပြစ်မဆိုချင်ပါနဲ့နော်.....

ချစ်သူရေ.....
နားထောင်ကြည့်စမ်း ငိုရှိုက်သံတွေ
ဒါဟာ အချစ်တစ်ခုလား
မကွဲပြားသေးခင်
သံယောဇဉ်တွေကို
ဖြတ်ပစ်ရက်ပါ့မလား
ခံစားခဲ့ဖူးတဲ့ နှလုံးသားတစ်နေရာမှာ
ဒါဏ်ရာတွေ တစ်စစီနဲ့.....

ချစ်သူ.....
တို့ဝေးရတော့မယ်
ပေါင်းစပ်မရနိုင်တဲ့ မျဉ်းနှစ်ကြောင်းလို
သိရဲ့နဲ့နီးစပ်ချင်တာကစလို့
ကြုံခဲ့သမျှ သောကတိုင်းကို
ေ​ဝဒနာတွေအမှတ်နဲ့
နားမလည်တတ်သူလို့ ထင်ချင်ထင်ပါ.....

ချစ်သူရယ်.....
အပြစ်ကင်းတဲ့ ချစ်ခြင်းများနဲ့
အချစ်စစ်ဆိုတာကို
ရှာဖွေလို့ မတွေ့ချင်တော့ပါဘူး
လိမ်ညာရက်သူက
မုသားဆို ချိုစကားတွေနဲ့
မာယာကို ဟန်ဆောင်ဖုံးကွယိလို့
ယုံကြည်အောင်လည်း ပြောတတ်ခဲ့တယ်.....

တကယ်ဆိုရင်.....
ချစ်သူ လို့ ခေါ်လိုက်ချင်ပါရဲ့
ရင်ထဲမှာပဲ တင်ထပ်လောက်အောင်
အော်ဟစ်ကာ မပြောတတ်ပေမယ့်လည်း
သူကြားလောက်ပါရဲ့လို့ စိတ်ထဲကပဲရည်ရွယ်မယ်
သိပ်ချစ်ခဲ့ပါတယ်.....

ဒါပေမယ့် ဒါဟာ
စိတ်ကူးတစ်ခု.....
အိပ်မက်တစ်ခု.....
ရင်ခုန်သံတစ်ချက်ပါပဲ.....
ချစ်သူရယ်

Friday, November 20, 2009

သေဆုံးသည်ထိ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကိုသတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်ကိုရောက်နေပါလျက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာအိပ်နေပါလျက်
ဥယာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်ပါသည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ…
ချစ်သူသာဖြစ်ပါ၏

Thursday, November 19, 2009

ဒဿလိုအချစ်မျိုးမဟုတ်ပါ။

ဒဿဂီရိဟာ
အင်မတန်အချစ်ကြီးသူပါ။
ဒါပေမယ့်၊
ပိုင်ဆိုင်လိုချင်တဲ့ အတ္တအချစ်နဲ့ ချစ်ပြီး
သီတာဒေဝီကို အလိုမတူဘဲ
အတင်းအဓမ္မလု ယူမိလေတော့
ရာမဇာတ်လမ်း သူ့အခန်းမှာ
လူကြမ်းမင်းသား ဖြစ်ခဲ့ရတယ်လေ။
ပိုင်ဆိုင်လိုချင်တဲ့ အတ္တနဲ့ ချစ်ခဲ့ကြရင်
ဒဿလိုပဲ ဖြစ်တတ်တာမို့
"အချစ်ဆိုတာ အတင်းအဓမ္မပြုမှု
လုယူလို့ရတဲ့ အရာမျိုးမှ မဟုတ်တာ။
သူ့အလိုလို ဖူးပွင့်လာတတ်တဲ့
အရိုင်းပန်းလေးပဲ မဟုတ်လား။
'ချစ်လေး' နဲ့ 'ကို့'အချစ်ဟာ ဒဿလို
အချစ်မျိုး မဟုတ်ကြဘူးလေ
နှစ်ဦးစလုံး တစ်မိုးအောက်တွင်
တစ်ယောက်ထင်လျက်
ရင်မှာစွဲနစ် သိပ်ချစ်ကြတဲ့
မဟောသဓာနဲ့ အမရာဒေဝီတို့ရဲ့
အချစ်စစ်မျိုးလိုပါကွယ်။

ကောင်းကင်ကိုရဲ့ ကျွန်

ကောင်းကင်ကိုရဲ့ ကျွန်
" ကောင်းကင်ကိုရဲ့ ကျွန် " လို့နာမည်ပေးထားတဲ့ ကဗျာ လေးပါ .....
ထိုင်းနိုင်ငံရောက်မြန်မာ များရဲ့ဘ၀ကိုတွေ့ကြုံခံစားရေးဖွဲ့ထားတဲ့ကဗျာလေးတစ်ပုဒ်ပါ ။

ကျွန်
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

Study English

htpp://www.freeenglish.com
htpp://www.talkenglish.com
htpp://www.travellinguist.com
htpp://www.engvid.com

Saturday, October 10, 2009

ဒါနတရားတော်















ဒါနံ သဂ္ဂဿ သောပါနံ၊
ဒါနံ ပါထေယျ မုတ္တမံ။
ဒါနံ ဥဇုဂတံ မဂ္ဂံ၊
ဒါနံ မောက္ခပဒံဝရံ။

ဒါနံ၊ ပုဗ္ဗ မုဉ္စ. အပရဟု သုံးဝစေတနာ ပြဋ္ဌန်းကာဖြင့် ကြည်သာရွှင်လန်း လှူဒါန်းရသောဒါနသည်။ သဂ္ဂဿ၊ ဣဋ္ဌအာရုံ အကောင်းဆုံသည့်ပျော်ဂုဏ်ဆန်းတည်အထက်နတ်ပြည်သို့။ သောပါနံ၊ မပူမပင် ရွှင်ရွှင်လန်းလန်း တက်လှန်းဖွယ်ကောင်းစောင်းတန်းပမာ ဖြစ်ပါပေ၏။ ဒါနံ၊ ပ၊သည်။ဥတ္တမံ၊ သုံး၍မကုန် လှူ၍မခန်း မညှိုးနွမ်းရိုး သူခိုးဓားပြ လုမရအပ်အလွန်ပင်မြတ်ပေထသော။ ပါထေယျံ၊ သံသရာလမ်း ခရီးကြမ်းဝယ်မပန်းလွယ်ကာ စားသောက်ဖွယ်ရာ ရိက္ခာထုတ်လည်းဖြစ်ပါပေ၏၊၊ ဒါနံ၊ ပ၊ သည်၊၊ ဥဇုဂတ၊ံ မဂ်ဖိုလ်ရောက်လွယ်မကွယ်မထောင့် တဖြောင့်တည်းသာ ဖြစ်သော။ မဂ္ဂံ၊ ဘုရားအလောင်းသူတော်ကောင်းတို့ သွားကြောင်းမှန်ရာလမ်းသာရာကြီးလည်းမည်ပါပေ၏။ ဒါနံ၊ ပ၊သည်။ ဝရံ၊ ယှဉ်လာလျှင်မနိုင်ရှိုးရသဖြင့်တခရိုင်လုံးတွင်သူသာလျှင် မြတ်ပေထသော၊၊ မောက္ခပဒံ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း ဧကန် အမြတ်ဆုံးမှန်လှပါပေ၏။

စကားပြောရန်။ ။ ဒါနဆိုတဲ့အဓိပ္ပယ်က ပေးကန်းခြင်းလှူဒါန်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီဒါနဟာ လောကုတ်လောကီ နှစ်လီ အကျိုးတရားတို့ကိုတိုးပွားပြီးစီးနိုင်တဲ့ ဣစ္ဆာသယ ပတ္တမြားမျက်ရှင်ကြီးနဲ့တူပါတယ်။ လောကီအကျိုးတွေကိုတင်မကပဲ လောကုတ္တရာမှာလည်းပဲ ဘုရားအဖြစ်ဆိုတာအမြတ်ဆုံးဖြစ်ပါတယ်။ အဲဒီ ဘုရားအဖြစ်ကိုတောင်မှ ဒါနနဲ့လုတ်ယူလို့ရပါတယ်။ ဒါကြောင့် ဘုရားအလောင်း များနှင့်တကွ ထိုထိုဆုတောင်းအမျိုးမျိုးပြည့်ချင်တဲ့ ပုဂ္ဂိုလ်အလောင်းတော်မြတ်တွေစာ ဒါနပါရမီကို ဖြည့်ကျင့်ဆီးပူးကြရတယ်။ ဒါနမပါရင် လောကီလည်းမပြီးဘူး လောကုတ္တရာလည်းမပြီးဘူး ခုတင်ကရွတ်လိုက်တဲ့ ဂါထာရဲ့ အဓိပ္ပါယ်ကရှင်းပါတယ်။ ဒါကြောင့် အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်ထဲက သုမနသုတ်တော်ကို ထုတ်ဖော်၍ပြပါမယ်။
သုမနသုတ္တန် ကိုဆက်လက်၍ပြပါဦးမည်။

ွ